Market Atmosphere Background
+5.23% 523.70 8.63 ▲ 453.7 13.5% 125.84 44.87 74.56 ▼ 8.42 +3.56% 663.7 453.70 82.84 +2.54% 98.76 +8.22% 523.70 -1.12% 133.60 34.77 2,000+ +14.7 57.00 92.40
Brand Logo
BIO SECTION

KYAW MYO HTUN

Entrepreneur, Best Selling Author, Financial Consultant & Online Course Educator

ဦးကျော်မျိုးထွန်းသည် financial consultant, investment educator နှင့် best-selling financial author တစ်ဦးဖြစ်ပြီး Stock Investment Education, Private Equity Fundraising, Corporate Finance Advisory, Business Valuation နှင့် M&A Advisory နယ်ပယ်များတွင် လက်တွေ့အတွေ့အကြုံများရှိပါသည်။

၂၀၁၇ ခုနှစ်တွင် Thai Institute of Directors (IOD) ၏ Directors Certification Program (DCP), Class 235 ကို ပြီးမြောက်ခဲ့ပြီး Thailand listed companies များတွင် Independent Director အဖြစ် တာဝန်ထမ်းဆောင်ရန် သက်ဆိုင်ရာ director certification ကို ရရှိထားပါသည်။

စာရေးဆရာအဖြစ် Understanding Equity & Project Financing (2013) နှင့် Understanding Business Valuation (2019) စာအုပ်များကို ရေးသားထုတ်ဝေခဲ့ပြီး Yangon Stock Exchange ၏ event များတွင်လည်း keynote speaker အဖြစ် ပါဝင်ဟောပြောခဲ့ပါသည်။

ထို့အပြင် Myanmar ၏ leading private education group တစ်ခုအတွက် Singapore sovereign wealth fund GIC ထံမှ USD 60 million investment ရရှိရေးတွင် sell-side advisory အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိတွင်လည်း investment transactions, fundraising နှင့် M&A-related deals များတွင် advisory role ဖြင့် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

သူသည် finance knowledge, real transaction experience, teaching ability နှင့် public communication တို့ကို ပေါင်းစပ်ထားသော financial educator နှင့် consultant တစ်ဦးဖြစ်ပါသည်။

Kyaw Myo Htun - Portrait
Learning Ecosystem Video
LEARNING ECOSYSTEM

OUR LEARNING ECO SYSTEM

PODIA + ZOOM + FACEBOOK GROUP + STOCK SCREENING APP

၂၀၂၁ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားပေါင်း ၂,၀၀၀ ကျော် တက်ရောက်ထားသည့် ၅ နှစ်ကျော် သက်တမ်းရှိ Understanding Stock Investment အွန်လိုင်းသင်တန်းမှ နွေးထွေးစွာ ကြိုဆိုပါသည်။

သင်တန်း၏ အဓိကထူးခြားချက်များ -

  • •
    ပလက်ဖောင်းစုံလင်စွာ သင်ကြားပေးခြင်း - သင်ခန်းစာအားလုံးကို Podia learning platform မှတစ်ဆင့် အဆင်ပြေချောမွေ့စွာ လေ့လာနိုင်မည့်အပြင် တိုက်ရိုက် Zoom session များနှင့် သီးသန့် Facebook Group ကိုပါ ပေါင်းစပ်သင်ကြားပေးခြင်း။
  • •
    လက်တွေ့အသုံးပြု Professional Tool များ အသုံးပြုခြင်း - စတော့ရှယ်ယာများကို စနစ်တကျ ရွေးချယ်စိစစ်နိုင်ရန်အတွက် အမှန်တကယ် ကျွမ်းကျင်ပညာရှင်များ အသုံးပြုသည့် Stock Rover ကဲ့သို့သော Stock screening software ဖြင့် သင်ကြားပေးခြင်း။
  • •
    လက်တွေ့ကျသော လမ်းညွှန်မှု - အောင်မြင်သော စတော့ရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများ ရရှိစေမည့် စနစ်တကျ သင်ရိုးညွှန်းတမ်းများ။
TESTIMONIAL

WHAT OUR STUDENTS SAY

Understanding Stock Investment သင်တန်းကို 2021 ခုနှစ်မှစတင်၍ 57+ Batches နှင့် 2,000+ Learners တက်ရောက်ခဲ့ကြပါသည်။ အောက်တွင် ဖော်ပြထားသော သုံးသပ်ချက်များသည် သင်တန်းသားများ၏ ကိုယ်တွေ့သင်ယူမှုအတွေ့အကြုံ၊ Stock Investment အပေါ်နားလည်မှုတိုးတက်လာပုံနှင့် Investment Decision များကို ပိုမိုစနစ်တကျ စဉ်းစားနိုင်လာပုံတို့ကို ထင်ဟပ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Testimonial 1 Preview
TESTIMONIAL-1

"ဆရာ့ရဲ့ Batch 15 Stock Investment သင်တန်း Zoom Session တိုင်းကို မလွတ်တမ်း တက်ရောက်ခဲ့ပါတယ်။ သင်တန်းကနေ Stock Investment နဲ့ Stock Trading ကွာခြားချက်တွေအပြင် ဆော့ဖ်ဝဲလ် အသုံးပြုပုံ၊ စတော့ရွေးချယ်စိစစ်နည်း (Scanning) နဲ့ Debt-to-Equity Ratio စတဲ့ မရှိမဖြစ် အခြေခံ ခွဲခြမ်းစိတ်ဖြာနည်းတွေကို စနစ်တကျ သင်ယူခွင့်ရခဲ့လို့ အများကြီး အကျိုးရှိပါတယ်။"

— ကိုဝင်းကို | Batch 15

Testimonial 2 Preview
TESTIMONIAL-2

"Beginner တစ်ယောက်အနေနဲ့ ဘယ်က စရမလဲ မသိခဲ့ပေမဲ့ ဒီသင်တန်းကို တက်ရောက်ပြီးတဲ့နောက် Stock Market အကြောင်းကို ထဲထဲဝင်ဝင် သဘောပေါက်နားလည်လာပါတယ်။ ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေးအချက်အလက် ခွဲခြမ်းစိတ်ဖြာနည်းနဲ့ စတော့ကောင်း ရွေးချယ်နည်းတွေကို လက်တွေ့ သင်ခန်းစာတွေနဲ့ စနစ်တကျ ရှင်းပြပေးထားလို့ အရမ်းအဆင်ပြေပါတယ်။"

— အောင်သူရ | Batch 16

Testimonial 3 Preview
TESTIMONIAL-3

"Stock ဆိုတာ ကျွန်တော်တို့နဲ့ လုံးဝ ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့တဲ့ အရာတစ်ခုဖြစ်ပေမဲ့ ဆရာကျော်မျိုးထွန်းဆီမှာ သင်တန်းတက်ရောက်ပြီးတဲ့နောက် ဘယ်လိုကြည့်ရှုလေ့လာရမလဲဆိုတာတွေကို သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပါတယ်။ စိတ်ရှည်လက်ရှည် သင်ကြားပြသပေးမှုကြောင့် အခြေခံကောင်းတွေ အများကြီး ရရှိခဲ့ပါတယ်။"

— ကိုဇင် | Sacramento, USA

Testimonial 4 Preview
TESTIMONIAL-4

"အရင်က Forex ဈေးကွက်မှာ သေချာနားမလည်ဘဲ ကုန်သွယ်ခဲ့လို့ ဆုံးရှုံးမှုတွေ ရှိခဲ့ပေမဲ့ သင်တန်းတက်ရောက်ပြီးတဲ့နောက် Forex နဲ့ Stock တွေအကြောင်း သိသိသာသာ ပိုမိုနားလည်သွားပါတယ်။ MBA ဘွဲ့ ပြီးထားပေမဲ့ ဆရာ့ရဲ့ သင်ကြားပြသမှုက ပိုမိုရှင်းလင်းထိရောက်ပြီး လက်တွေ့ကျတာကြောင့် အလွန်ပဲ သဘောကျ ကျေးဇူးတင်မိပါတယ်။"

— ဖြိုးဝေဇော် | ကလောမြို့ (တောင်ပိုင်း)

MILESTONES & GLOBAL COMMUNITY

57+ Learning Groups & Global Student Community

Understanding Stock Investment သင်တန်း၏ Batch တစ်ခုချင်းစီကို သီးခြား Facebook Learning Group များဖြင့် စနစ်တကျ စီမံသင်ကြားခဲ့ပြီး၊ ယနေ့အထိ 57+ Batches နှင့် နိုင်ငံပေါင်း ၂၀ ကျော်မှ 2,000+ Learners အထိ တိုးတက်ရောက်ရှိခဲ့ပါသည်။

Facebook Groups 2021-2022
Click to view
01 – The Beginning

517 Students (2021-2022)

အစောပိုင်း Batch များမှ စတင်ခဲ့သော Understanding Stock Investment သည် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း 517 students ပါဝင်သည့် Investment Learning Community အဖြစ် စတင်တည်ငြိမ်လာခဲ့ပါသည်။

Building the Foundation
Facebook Groups 2022-2025
Click to view
02 – The Growth

1,497 Students (2022–2025)

Batch တစ်ခုချင်းစီ ဆက်လက်တိုးတက်လာပြီး 32 Batches နှင့် 1,497 students အထိ ရောက်ရှိကာ ရေရှည်ခိုင်မာသော Community ကို တည်ဆောက်နိုင်ခဲ့ပါသည်။

One Cohort at a Time
Facebook Groups 2026 Present
Click to view
03 – Present (2026)

2,000+ Students • 57+ Batches

၂၀၂၆ ခုနှစ်တွင် 57+ Batches နှင့် 2,000+ students အထိ ရောက်ရှိလာပြီး 5+ years of continuous investment education ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါသည်။

5+ Years • 57+ Batches
INTERNATIONAL STUDENT PROFILE

GLOBAL LEARNING COMMUNITY

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း နိုင်ငံပေါင်း ၂၀ ကျော်မှ မြန်မာသင်တန်းသား ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ သင်တန်းသားများအနက် စင်ကာပူနိုင်ငံမှ ၂၆%၊ ထိုင်းနိုင်ငံမှ ၁၇%၊ အမေရိကန်နိုင်ငံမှ ၁၇% နှင့် ဂျပန်နိုင်ငံမှ ၁၄% တို့က အဓိကပါဝင်ခဲ့ကြပြီး၊ UAE၊ ဟောင်ကောင်၊ ဖင်လန်၊ သြစတြေးလျ၊ ဟန်ဂေရီ၊ ကနေဒါ နှင့် အခြားနိုင်ငံများမှလည်း မြန်မာသင်တန်းသားများ ပါဝင်လေ့လာခဲ့ကြပါသည်။

ဤမှတ်တမ်းသည် သင်တန်းအရေအတွက် အောင်မြင်မှုသာမက ကမ္ဘာအနှံ့ရှိ မြန်မာလူမျိုးများကို ရင်းနှီးမြှုပ်နှံမှုအသိပညာဖြင့် ချိတ်ဆက်ထားသော International Investment Learning Community အဖြစ် ခိုင်မာစွာ ရှင်သန်တိုးတက်နေမှုကို ပြသနေပါသည်။

International Student Profile - Global Learning Community
Click to view chart
PAGE 04 • FAQ

မေးလေ့ရှိသောမေးခွန်းများ

သင်တန်းမတက်မီ သိထားသင့်သော အချက်များနှင့် မေးလေ့ရှိသောမေးခွန်းများကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

Partner Logo 1
Partner Logo 2
Partner Logo 3
Partner Logo 4

Student Testimonial

Milestone Screenshot Full